Pages

Pages

မိုးညိုမြို့နယ်လူထုအခြေပြုဗဟိုဌာန၊(Community Centre) ၌ ဝန်ထမ်းများနှင့်စာဖတ်ဝိုင်းပြုလုပ်


MNP - မတ်    ၂၁

    ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မိုးညိုမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန၊ (Community Centre)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၏စာဖတ်ဝိုင်းဆွေးနွေးပွဲကိုယနေ့နံနက်(၁၀)နာရီကဆောင်ရွက်ခဲ့ကြောင်းသိရသည်။

    ဆွေးနွေးပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်စန္ဒာလင်း နှင့်ဝန်ထမ်းများက ပြည်ထောင်စုရာထူးဝန်အဖွဲ့ကထုတ်ပြန်ထားသည့်ဝန်ထမ်းကျင့်စာအုပ်ပါအခန်း(၃)ဌာနဆိုင်ရာအရေးယူခြင်း၊ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းအရာများကိုဖတ်ကြားခဲ့ကြပြီးဝန်ထမ်းများအနေဖြင့်လုပ်ငန်းခွင်တွင်သိရှိလိုက်နာဆောင်ရွက်ကြရမည့်လုပ်ငန်းများအား သိရှိလိုက်နာဆောင်ရွက်သွားကြရန်တို့ကိုဆွေးနွေးခဲ့ကြသည်။မိမိတို့ဝန်ထမ်းများအနေဖြင့်ထုတ်ပြန်ထားသည့် ဥပဒေ၊နည်းဥပဒေ၊အမိန့်နှင့်ညွှန်ကြားချက်များ လုပ်ထုံးလုပ်နည်းများနှင့်အညီလိုက်နာဆောင်ရွက်ကြရန် စာဖတ်ဝိုင်းများဆောင်ရွက်ခြင်းအားဖြင့် ဝန်ထမ်းများလုပ်ငန်းခွင်အတွင်း ရုံးလုပ်ငန်းများကိုကျွမ်းကျင် ပိုင်နိုင်စွာ လုပ်ကိုင်ဆောင်ရွက်သွားနိုင်ကြရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာနေရှင်နယ်ပို့စ်                                            

           


No comments:

Post a Comment