ထားဝယ်ခရိုင်အတွင်း ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို သက်ဆိုင်ရာစာစစ်ဌာနများ၌ ကျောင်းသား/သူ(၉၄၃)ဦး ဝင်ရောက်ဖြေဆိုမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ထားဝယ်ခရိုင်အတွင်း ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို သက်ဆိုင်ရာစာစစ်ဌာနများ၌ ကျောင်းသား/သူ(၉၄၃)ဦး ဝင်ရောက်ဖြေဆိုမည်


MNP - မတ်    ၃ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို သက်ဆိုင်ရာစာစစ်ဌာနများ၌ ကျောင်းသား/သူ(၉၄၃)ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်းသိရသည်။ 

ထို့နောက် ထားဝယ်ခရိုင်အတွင်းရှိ မတ်လ(၃)ရက်နေ့အထိ ထားဝယ်စာစစ်ဌာနတွင်(၄၂၇)ဦး၊ မေတ္တာ (၃၁)ဦး၊ ရေဖြူ (၉၉)ဦး၊ ကလိန်အောင် (၄၆)ဦး၊ ကံပေါက်(၈၄)ဦး၊ လောင်းလုံး(၃၉)ဦး၊ သရက်ချောင်း(၈၇)ဦး နှင့် သရက်ချောင်းမြို့နယ် ကမြိုင်စာစစ်ဌာနတွင် (၁၃၀)ဦး ဖြေဆိုမည်ဖြစ်ကြောင်း တိုင်းဒေသကြီးပညာရေမှူးရုံးထံမှသိရသည်။ 

သက်ဆိုင်ရာစာစစ်ဌာနများတွင် မတ်(၃၁)ရက်နေ့၌ မြန်မာ၊ ဧပြီ(၁)ရက်နေ့ အင်္ဂလိပ်၊ (၂)ရက်နေ့ သင်္ချာ၊ (၄)ရက်နေ့ ဓာတုဗေဒ၊ (၅)ရက်နေ့ ရူပဗေဒ၊ (၆)ရက်နေ့ ဇီဝ/ဘောဂဗေဒ၊ (၇)ရက်နေ့ ပထဝီဝင်၊ (၈)ရက်နေ့ သမိုင်း၊ (၉)ရက်နေ့ စိတ်ကြိုက်မြန်မာ ဘာသာများကို နံနက် ၉ နာရီ မှ မွန်းတည့်(၁၂)နာရီအထိ ဖြေဆိုမည်ဖြစ်ကြောင်းသတင်းရရှိသည်။ 

သတင်း - ရွှေပင်လယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)