ယူကရိန်းကို ရုရှား ဝင်တဲ့ ( ၁၂ ) ရက်မြောက်နေ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းကို ရုရှား ဝင်တဲ့ ( ၁၂ ) ရက်မြောက်နေ့




MNP ၊ မတ် ၇

ဒီနေ့မနက် ရုရှားမီဒီယာတွေမှာ လူသားချင်း ငဲ့ညှာထောက်ထားတဲ့ ကော်ရစ်ဒါ လမ်းတွေ ဖွင့်ပေးပြီး ယူကရိန်းမြို့ တော်တော်များများမှာ ဒေသဆိုင်ရာအပစ်ရပ်စဲမှုတွေ လုပ်ထားပါတယ်လို့ ဖော်ပြကြပါတယ်။  

အဲ့ဒါနဲ့ ပတ်သက်ပြီး ယူကရိန်းဘက် က တစုံတရာ ထုတ်ပြန်ကြေညာခြင်း မရှိပါဘူး ။ သူတို့ ကတော့ ရုရှားတွေ ရဲ့ အမြောက်ဆံတွေက က အရပ်သားအိမ်တွေပေါ်ကို ကျနေတယ်လို့ပဲ ဆိုပါတယ်။

မနေ့ကတော့ ယူကရိန်းသမ္မတ ဇီလန်စကီ က သူ့နိုင်ငံသားတွေရဲ့ အသက်သွေးအတွက် ရုရှားတွေကို ဘယ်တော့မှ မကျေဘူးလို့ ဆိုလိုက်ပါတယ်။

ရုရှား သမ္မတ ပူတင်နဲ့ ပြင်သစ်သမ္မတ မာခွန်တို့ မနေ့က ဖုန်းဆက်ပြီး ဆွေးနွေးတဲ့ အဓိက အကြောင်းအရာ ကတော့ ယူကရိန်းက နျူ့ကလိယဓာတ်အားပေး စက်ရုံတွေလုံခြုံရေး အကြောင်းပဲ ဖြစ်ပါတယ်။

နိုင်ငံတကာ အဏုမြူ အေဂျင်စီ IAEA ကလည်း အဲ့ဒိဓာတ်ပေါင်းဖိုတွေ အတွက် အရမ်းစိုးရိမ် နေရတယ်လို့ ဆိုပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်တာနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံက မြို့ ၆၄ မြို့မှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေရာ မနေ့က ဆန္ဒပြသမား ၄ထောင်ကျော် အဖမ်းခံလိုက်ရပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ရုရှားတပ်တွေက ယူကရိန်း လူနေအိမ်ခြေတွေရှိတဲ့ စစ်လက်နက်ပစ္စည်းစက်ရုံတွေကို လာရောက်တိုက်ခိုက်နေပါတယ်လို့ ဆိုပြီး ဥရောပအနေနဲ့ မပျံသန်းရ ဇုံ သတ်မှတ်ဖို့နဲ့ ဖိုက်တာဂျက် လေယာဉ် တွေ ထောက်ပံ့ဖို့ ဇီလန်စကီးက တောင်းဆိုလိုက်ပါတယ်။

ရုရှားတွေ စီမိထားတဲ့ ဇာပိုရစ်ဇာယာ နျူကလိယဓာတ်အားပေးစက်ရုံက ဝန်ထမ်းတွေနဲ့ IAEA အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။

ဘီလာရုစ် နယ်စပ်က ယူကရိန်း - ရုရှား ဆွေးနွေးပွဲ ဒီနေ့ လုပ်ဖြစ်ပါတယ်။

တစ်တော့ အွန်လိုင်း အပလီကေးရှင်း နဲ့ နက်ဖလစ် ရုပ်ရှင် ကုမ္ပဏီတို့ကလည်း ရုရှား ကို ပိတ်လိုက်ပါတယ်။

အမေရိကားမှာ ဂတ်စ်ဈေးနဲ့ ဓာတ်ဆီဈေးတက်နေပေမဲ့ ရုရှား ရေနံတင်သွင်း မှု နဲ့ အထွေထွေ ကုန်သွယ်မှု တွေကို ပိတ်ဖို့ အတွက် ဘိုင်ဒန်အစိုးရ ညှိနှိုင်း တိုင်ပင်မှုတွေ လုပ်နေပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)