ဗန်းမော်မြို့၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဂုဏ်ပြုပူဇော်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗန်းမော်မြို့၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဂုဏ်ပြုပူဇော်ပွဲကျင်းပ



MNP - မတ်    ၂၁

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန မဟာနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တပညိန္ဒာလင်္ကာရနှင့် သီလရှင် စာချဆရာကြီး ဒေါ်ဓနသိဒ္ဓိ၊ သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ သံဃာ၊ သီလရှင် (၄၈)ပါးတို့အား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်က သိမ်မဟာမင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို ဆရာတော် သံဃာတော်များ၊ သီလရှင်များ၊ တက်ရောက်လာသည့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များတို့က နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဗန်းမော်မြို့ မဟာသိမ်တော်ကြီးပရိယတ္တိ စာသင်တိုက်အပူဇော်ခံ အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တပညိန္ဒာလင်္ကာရထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်ကြသည်။ ယင်းနောက် ဆရာတော် သံဃာတော်များထံမှ မေတ္တာသုတ် ပရိတ်တရားနာယူကြပြီး အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက်ကြီးမှ ဆရာတော် ဘဒ္ဒန္တပညိန္ဒာလင်္ကာရနှင့် ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို သိမ်မဟာသီလရှင်စာသင်တိုက်မှ သီလရှင်စာချဆရာကြီး ဒေါ်ဓနသိဒ္ဓိထံသို့ ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ပူဇော်ခဲ့သည်။

ယင်းနောက် ရပ်ဝေးမှ ကြွရောက်လာသည့် ဆရာတော်သံဃာတော်များက ဗန်းမော်မြို့ မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန မဟာနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တပညိန္ဒာလင်္ကာရအား ဂုဏ်ပြုပူဇာ ဩဝါဒဂါထာတော်များကို ဖတ်ကြားပူဇော်ပြီး ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များတို့က ဘွဲ့တံဆိပ်တော်ရ ဆရာတော်၊ သံဃာတော်များ၊ ပင့်သံဃာတော်များထံ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ မင်းကွန်းသတ္တဋ္ဌာန မစိုးရိမ်တိုက်သစ် ပဓာနနာယက၊ ဓမ္မာစရိယပညာရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဆရာတော် ဘဒ္ဒန္တဉာဏိကာဘိဝံသ အရှင်သူမြတ်ထံမှ ရေစက်ချအနုမောဒနာ တရားတော်များ ချီးမြှင့်ပေးခဲ့ပြီး ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း - ကိန်းဖြူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)