သောက်သုံးရေအခက်အခဲရှိသော အိမ်ထောင်စုများထံသို့ မြို့နယ်အတွင်း တာဝန်ရှိသူများ ပူးပေါင်း၍ သောက်သုံးရေများ ပေးဝေလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

သောက်သုံးရေအခက်အခဲရှိသော အိမ်ထောင်စုများထံသို့ မြို့နယ်အတွင်း တာဝန်ရှိသူများ ပူးပေါင်း၍ သောက်သုံးရေများ ပေးဝေလှူဒါန်း

 


MNP - မတ်    ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ သောက်သုံးရေ အခက်ခဲရှိသော အိမ်ထောင်စုများထံသို့ ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်မှစတင်၍ ရေဘောက်ဆာကားများဖြင့် သောက်သုံးရေများ ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်စီစဉ်မှုဖြင့် မြို့နယ်အတွင်း ရေပြတ်လပ်လျက်ရှိသော ရပ်ကွက်များသို့ ရေလှူဒါန်းနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်မင်းနှင့်အဖွဲ့ဝင်များ ညှိနှိုင်း၍ ရေလိုအပ်လျက်ရှိသော ပြည်သူများ၏ ရေလိုအပ်ချက်များအား ဌာနအားလုံးမှ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ရေပြတ်လပ်လျက်ရှိသော အမှတ် (၁၄)ရပ်ကွက်၊ စီမံကိန်း ၁၊ မြလေးလမ်းနှင့် စီမံကိန်းတာပေါ်ရှိ အိမ်ထောင်စု ပြည်သူများထံသို့ ရေဂါလံပေါင်း (၃၆၀၀) ရေပေးဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - ခင်ဆွေနှင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)