မိုင်းလုံမြို့တွင် လူမှုဘဝဖွင့်ဖြိုး‌‌စေရန် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းလုံမြို့တွင် လူမှုဘဝဖွင့်ဖြိုး‌‌စေရန် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

 



MNP - မတ်   ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က  နမ့်ခွန်ကျေးရွာအတွင်းရှိ ပြည်သူများကို သွားရောက်ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ရာတွင် အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရွာသူကြီးတို့က ကျေးရွာနေပြည်သူများကို ဦးဆောင်ကာ စုရပ်အဖြစ် စာသင်ကျောင်းတွင်သတ်မှတ်၍  ဆောင်ရွက်ရာ လဝကဦးစီးမှူး ဦးအောင်ကျော်စိုးနှင့် ဝန်ထမ်းများက အိမ်ထောင်စုအသစ်များ ပြုလုပ်ပေးခြင်း၊ မွေးတိုးများကိုဖြည့်သွင်းပေးခြင်း၊ သေဆုံးသူများကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးသူများကို နိုင်ငံသား စိစစ်ရေးကတ်ပြား အသစ်ပြန်လျှောက်စေခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများကို  အသစ်ဆောင်ရွက်ပေးခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်လက်မှတ်မရှိသူ အမျိုးသား(၃၂)ဦး အမျိုးသမီး(၄၁)ဦး စုစုပေါင်း  (၇၃)ဦးနှင့် အိမ်ထောင်စု(၂၀)စုတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထပ်မံရရှိစေရေးတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့်လုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန် ပန်ခင်းစီမံချက်ဆိုင်ရာ သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သတင်း - ဇော်ဇော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)