ငပုတောမြို့နယ်၌ နွေရာသီဘောလုံးအားကစား သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ်၌ နွေရာသီဘောလုံးအားကစား သင်တန်းဆင်းပွဲကျင်းပ

 


MNP - မတ်    ၇

ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်ခရိုင်၊  ငပုတောမြို့နယ်ရှိ ပမ္မဝတီပြည်သူ့အားကစားကွင်း၌ ယမန်နေ့ ညနေ(၃) နာရီအချိန်က ငပုတောမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သော အသက်(၁၇)နှစ်အောက် နွေရာသီဘောလုံး အားကစားသင်တန်း အမှတ်စဉ် (၁/၂၂) အား ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင်  စတင်ဖွင့်လှစ်ခဲ့ပြီး (ယမန်နေ့ ညနေ(၃)နာရီအချိန်တွင် အဆိုပါ အားကစားကွင်း၌ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ သင်တန်းသို့  အားကစားသင်တန်းသား (၂၉)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ  အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်က သင်တန်းဆင်းအမှာ စကားပြောကြားပြီး သင်တန်း သားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်းတို့ဖြင့် ကျင်းပဆောင်ရွက်ခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသား(၁)ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - နုနုအေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)