မွန်ပြည်နယ်တွင် ၂၀၂၂ခုနှစ်၊ တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်း ပဉ္စမနှစ် လုပ်ငန်းများ အောင်မြင် စေရေးလုပ်ငန်း လမ်းညွှန်ချက် ထပ်ဆင့်ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်တွင် ၂၀၂၂ခုနှစ်၊ တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်း ပဉ္စမနှစ် လုပ်ငန်းများ အောင်မြင် စေရေးလုပ်ငန်း လမ်းညွှန်ချက် ထပ်ဆင့်ရှင်းလင်း

 


MNP - မတ်     ၂

ပြည်ထောင်စုတရားလွှတ်တော်ချုပ် (နေပြည်တော်) တွင် ဖေဖော်ဝါရီ ၁ ရက်မှ ၁၉ ရက်နေ့ထိ ကျင်းပခဲ့ သည့် (၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့် ရှင်းလင်းခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မော်လမြိုင်မြို့၊ မွန်ပြည်နယ် တရားလွှတ်တော် အစည်းအဝေး ခန်းမ၌ ဗီဒိယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ ပြည်နယ် တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေး ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တရားရေးအရာရှိများ၊ ခရိုင်နှင့်မြို့နယ်အဆင့် တရား သူကြီးများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးက အမှုများ စစ်ဆေးရာ တွင် ကြန့်ကြာမှုမရှိစေဘဲ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ် စေလိုကြောင်း၊ သီးသန့်တရားရုံးများ၌ စစ်ဆေးနေသည့် အမှုများ မျှတမှန်ကန်စေလိုကြောင်း၊ လက်အောက် တရားရုံးများကို ပုံမှန်စစ်ဆေး ကြီးကြပ်စေလိုကြောင်းနှင့် တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်းပဉ္စမနှစ် (၂၀၂၂) ခုနှစ် လုပ်ငန်း အစီအစဉ်များ အကောင်အထည်ဖော် ဆောက်ရွက်ရာတွင် အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း လမ်းညွှန် မှာကြားချက် များအား ထပ်ဆင့်ရှင်းလင်းပေးသည်။

ဆက်လက်၍ ပြည်နယ်တရားရေး ဦးစီးမှူး ဒေါ်ခင်နှင်းထွဋ်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ မှာကြားချက်နှင့် ရုံးလုပ်ငန်းဆိုင်ရာများကို လည်းကောင်း ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဒေါ်ဌေးမြင့်အေးနှင့် ဒေါ်ညိုမီစံတို့က တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းများကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးပေးကြသည်။

ထို့နောက် ပြည်နယ်တရားရေး ဦးစီးမှူးက ခရိုင်နှင့် မြို့နယ်အလိုက် တရားသူကြီးများ၏ တင်ပြချက်များ အပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးပေးကြောင်း သိရသည်။

သတင်း - မြင့်မြတ်သီတာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)