ကန့်ဘလူ၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကန့်ဘလူ၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ



MNP - မတ်    ၂၂

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှုကြစေရန်နှင့် အားကစားပြုလုပ်ခြင်းဖြင့် ရရှိစေမည့် အကျိုးကျေးဇူးများအား သိရှိလာစေ ရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းပြီး ကန့်ဘလူမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ထာဝရခန်းမ၌ ယနေ့ မွန်းတည့် ၁၂ နာရီက ကျင်းပသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ချပ်သင်း အထက ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်ခိုင်စိုးက လူငယ်နှင့်ပညာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က လူငယ်နှင့် အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာန တာဝန်ခံ ဒေါ်ငွေဆွေတာယာက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေး ဟောပြောကြသည်။

ထို့နောက် ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာန တာဝန်ခံက အားကစားပစ္စည်းများ လှူဒါန်းပေးအပ်ရာ အထက(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်မင်းမင်းသန်းက လက်ခံရယူပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက (၇၇)နှစ်မြောက် တပ်မတော်နေ့အ ထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန်ဝေ ပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အထက(၂)ကျောင်းအုပ် ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ အထက်တန်းနှင့် အလယ်တန်း ကျောင်းသား၊ ကျေင်းသူ ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - အောင်ဝင်းငြိမ်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)