အခြေခံမဲဆန္ဒရှင်စာရင်းများမှန်ကန်ရေးအတွက်မြေပြင်လူဦးရေစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံမဲဆန္ဒရှင်စာရင်းများမှန်ကန်ရေးအတွက်မြေပြင်လူဦးရေစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

 


MNP - မတ်    ၇

အခြေခံ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းဝဏ္ဏထက်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့် ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်စု (၅၈)အုပ်စုမှ ရပ်/ကျေး အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ ကြကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိဒေါ်အေးအေးခန့်မှလည်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အိမ်ထောင်စု လူဦးရေပုံစံ(၆၆/၆)ကိုမူတည်၍ ပြုစုထားရှိသော အခြေခံမဲဆန္ဒရှင်စာရင်းအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာနတို့နှင့်ပေါင်းစပ် ညှိနှိုင်း၍စိစစ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် မြေပြင် လူဦးရေစာရင်းများကို သတ်မှတ်ရက်ဖြစ်သည့် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြုစုပေးသွား မည်ဖြစ်ပြီးအခြေခံမဲဆန္ဒရှင် စာရင်းများမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးရာတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဌာနဆိုင်ရာများမှ စုပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)