MNP ၊ မတ် ၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ပညာရေးဌာန ၊အားကစား နှင့် ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများ အသိပညာဗဟုသုတများ များ ၊ အကျင့်စာရိတ္တ နှင့် စည်း ကမ်း ကောင်းမွန်စေရန် ၊ မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြတ်စေရန် ၊ အားကစားစိတ်ဓာတ် မြင့်မားလာစေရန် ရည် ရွယ် ချက် များဖြင့် လူငယ်ရေးရာဆိုင်ရာ အသိပညာဗဟုသုတများအား အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၁၁ နာရီ အချိန် အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင် ပြုလုပ်ခဲ့ကြသည်။
အဆိုပါ အသိပညာပေး ဟောပြောရာတွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာ ကြီး အမှာစကားပြောကြားပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်အားကစားမှူး ဦးဇော်မင်းထွေးက အား က စား နှင့် စိတ်ဓာတ်မြင့်မားရေး ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခရိုင် ဦးစီးအရာရှိ ဦးဦးစိုးလွင်က “အကျင့်စာရိတ္တကောင်းမွန်ရေး နှင့် တိုင်းချစ်ပြည်ချစ်စိတ်ထက်သန်ရေး”ခေါင်းစဉ်ဖြင့် လည်း ကောင်း၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်ဝေသိန်းက “စိတ်ဓာတ်ကောင်းမွန်ရေး နှင့် စည်း ကမ်း ကောင်းမွန်ရေး ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး ခရိုင်အားကစားမှူးမှ ကျောင်းအုပ်ကြီး ထံသို့ အားကစား ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်းသိရသည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment