ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား (၁၉၁)ဦးအား တာချီလိတ်မြို့တွင် လက်ခံဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား (၁၉၁)ဦးအား တာချီလိတ်မြို့တွင် လက်ခံဆောင်ရွက်




MNP - မတ်    ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား (၁၉၁) ဦးကို ယနေ့နံနက် ၁၀ နာရီက မြန်မာ- ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)တွင် မြန်မာတာဝန်ရှိသူတို့က လက်ခံခဲ့ကြောင်း သိရသည်။

ထိုသို့ပြန်လည်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား အမျိုးသား(၁၅၀)ဦးနှင့် အမျိုးသမီး(၄၁)ဦး ကို  ထိုင်းနိုင်ငံတာဝန်ရှိသူတို့က လွှဲပြောင်းပေးအပ်ရာ တာချီလိတ်(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် အဖွဲ့ဝင်များကလက်ခံခဲ့ကြပြီး စံလင်းဖြိုး Quarantine Centre နှင့် မိုးလုံလေလုံ အားကစားရုံ Quarantine Centre တို့တွင်(၁၄)ရက်ထားရှိကာ ကျန်းမာရေးဌာနမှ တာဝန်ရှိသူတို့က ကိုဗစ်-၁၉ နှင့် အိုမီခရွန်ရောဂါပိုး ရှိ/မရှိစစ်ဆေးရန် နှာခေါင်းနှင့်အာခေါင် တို့ဖတ် (၃)ကြိမ် ရယူစစ်ဆေးပြီး ရောဂါပိုးကင်းစင်သူများကို နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ် သည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသူများကို လူကုန်ကူးမှုတိုက်ဖျက်နှိမ်နှင်းရေးရဲတပ်ဖွဲ့က လူကုန်ကူးမှုအကြောင်း သိကောင်းစရာလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သတင်း - ယာဆေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)