ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

 


MNP - မတ်    ၉

အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိစေရန် ရှမ်းပြည်နယ် ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာ  ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် ရှောင်တခင် စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်း က မြို့မမင်္ဂလာဈေးမီးပွိုင့်လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှောင်တခင်စစ်ဆေးခြင်းကို  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင် ခြင်းမရှိဘဲ  သွားလာနေကြသူများကို Maskများ အခမဲ့ဖြန့်ဝေပေးပြီး စနစ်တကျတပ်ဆင်စေခြင်း၊ RDT Test Kit ဖြင့် ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်း - စိုင်းအယ်ဘဲ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)