ရှမ်းပြည်နယ်ဝန်ကြီးချုပ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


MNP - မတ်    ၉

၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ရှမ်းပြည်နယ်တောင်ပိုင်းမှ (၅) ပါး၊ အရှေ့ပိုင်းမှ (၇) ပါး၊ မြောက်ပိုင်းမှ (၁၅) ပါး  စုစုပေါင်း (၂၇) ပါး ရှိပါကြောင်း၊ အဆိုပါ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများ လူပုဂ္ဂိုလ်များအား ၂၀၂၂ ခုနှစ် မတ်လ (၁၆) ရက် မွန်းလွဲ ၁ နာရီတွင် သာသာနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားများကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက သတ်မှတ်ထားသည့် နေရာများ၌ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကျင်းပ၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ  ဆောင်ရွက်သွားရန်နှင့် ရှမ်းပြည်နယ်အတွင်းမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင် ဆရာကြီးများ၊ လူပုဂ္ဂိုလ်များကို ၂၀၂၂ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ဆပ်ကပ်လှူဒါန်းသည့် အခမ်းအနားကို ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍  သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ပတ်သက်၍ ဦးစီးကော်မတီ နှင့်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ အတွင်းရေးမှူးများက ဆွေးနွေးတင်ပြကြပြီး အထွေထွေဆွေးနွေးကာ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - မောင်မောင်သန်း 

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)