ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများအလိုက် ပြုစုထားသည့် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) ဖွင့်ပွဲအခမ်းအနား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများအလိုက် ပြုစုထားသည့် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) ဖွင့်ပွဲအခမ်းအနား





MNP ၊ မတ် ၉

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေး နိုင်ရေးအတွက် ကရင်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ အလိုက် ပြုစုထားသည့် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။


ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မဲဆန္ဒရှင်စာရင်းနှင့် ပတ်သက်ပြီး ပြည့်စုံမှန် ကန်သည့် မဲဆန္ဒရှင်စာရင်းရရှိရေး၊ ဥပဒေနှင့်အညီပါဝင်ရမည့်သူများ ပါဝင်ခွင့်ရရှိပြီး မပါဝင်သင့်သူများမပါဝင်စေရေး၊ မဲပေးပိုင်ခွင့်ရှိသူများ မဲဆန္ဒရှင်စာရင်းတွင် ကျန်ရှိမနေစေရေးတို့ကို အထူးအလေးထား၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) အပေါ်အခြေခံပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်အမှတ် ရရှိပြီးသူများကို ထည့်သွင်းပြုစုလျက်ရှိကြောင်း၊ တစ်ပြည်နယ်လုံးအနေဖြင့် မဲဆန္ဒရှင်(၈၅၃၈၅၇) ဦးအား ပြုစုပြီးဖြစ်ကာ မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေး သည့် ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project)ကို  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင် စာရင်း ပြည့်စုံမှန်ကန်ရေးသည် ရွေးကောက်ပွဲ၏ အရေးကြီးသည့် အသက်သွေးကြောဖြစ်ပြီး မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို အမျိုးသား ရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဂရုပြုဆောင်ရွက်ကြစေလိုကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန် အားလွှဲအပ်နိုင်ရေး ဆောင်ရွက်နိုင်ရန်အတွက် ပါဝင်ဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များအားလုံး လုပ်ငန်းအောင်မြင် သည် အထိ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကရင်ပြည်နယ်တာဝန်ခံ ဦးစောဘလှိုင်က အခြေခံမဲ ဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းနှင့်ပတ်သက်၍ လိုအပ်သည်များအား ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်ရေးအတွက် မြေပြင်လူဦး ရေစာရင်းနှင့် တိုင်ဆိုင်စစ်ဆေးခြင်း မြေပြင်ဆောင်ရွက်နေမှုအခြေအ နေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကာ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးပြီး လုပ်ငန်းအောင်မြင်သည် အထိ အလေးထား ပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားသည်။


အလားတူ ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကို စဉ်ဆက်မပြတ်တိုးတက်ဖို့ ကျား၊မ တန်းတူညီမျှစို့ ဆောင်ပုဒ်ဖြင့် မတ်လ ၇ ရက်နေ့ မွန်လွဲ ၃ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိုင်ငံ၏ထက်ဝက်ကျော်မကသော လူဦးရေအင်အားမှာ အမျိုးသမီးများ ဖြစ်ကြောင်း၊ ထိုထက်ဝက်ကျော်မကသောအမျိုးသမီးထုကြီး၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုဆောင်ရွက်ပေးခြင်း၊ အကြမ်းဖက်ခြင်းမှကာကွယ်ပေးခြင်းများသည် နိုင်ငံသားများ၏ဖွံ့ဖြိုးခြင်း၊ နိုင်ငံသားများကိုကာကွယ်ပေးခြင်းဖြစ် ကြောင်း၊ ကရင်ပြည်နယ်အတွင်းရှိ အမျိုးသမီးဆိုင်ရာလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်နယ်၊ခရိုင်၊မြို့နယ်အမျိုးသမီးကော်မတီများကိုဖွဲ့စည်းထားပြီး အမျိုးသမီးဆိုင်ရာလုပ်ငန်းစဉ်များကို ဖော်ဆောင်ပေးနေကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု များအား ထိရောက်သည့်ပြစ်ဒဏ်ပေးနိုင်ရေး၊ ဥပဒေကြောင်းအရ ကာကွယ်ပေးနိုင်ရေးအတွက် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ (မူကြမ်း) ကိုလည်း ရေးဆွဲဆောင်ရွက် လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအပါအဝင် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများ အခက်အခဲများကို ရင်ဆိုင်ကျော်လွှားပြီး အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။


ထို့နောက် ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်မှ ပေးပို့သည့် သဝဏ်လွှာကို ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးရုံး ညွှန်ကြားရေးမှူး၊ ကရင်ပြည်နယ် အမျိုးသမီး ကော်မတီအတွင်းရေးမှူး ဒေါ်မြမာလာစိုးက ဖတ်ကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)