MNP - မတ် ၂၁
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးတင့်၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီတို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ် အထူးအယူခံမှုအမှတ် ၈/၂၀၂၁ (ပဲခူး)၊ ၉/၂၀၂၁ (မန္တလေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၂) မှုတို့ကို စီရင်ချက် ချမှတ်သည်။
ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၁၇/၂၀၂၀ (ရန်ကုန်)၊ ၁၈/၂၀၂၀ (ရန်ကုန်)၊ ၁၅/၂၀၂၀ (မန္တလေး)၊ ၄/၂၀၂၁ (ဧရာဝတီ)နှင့် ၅/၂၀၂၁ (ဧရာဝတီ)၊ စုစုပေါင်း တရားမ အထူးအယူခံမှု (၅) မှုတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment