စလင်းမြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသည့် ဒေသခံပြည်သူများအား ပထမအကြိမ် ကွင်းဆင်း ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

စလင်းမြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသည့် ဒေသခံပြည်သူများအား ပထမအကြိမ် ကွင်းဆင်း ထိုးနှံပေး



MNP - မတ်     ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးနေလင်းနိုင် ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ အဖွဲ့(၅)ဖြင့် ကွင်းဆင်းထိုးနှံကြကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ ဒေသခံကျေးရွာများရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင် ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ အကြီးအကဲများ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်ကျေးစာရေး ဝန်ထမ်းများမှ အဖွဲ့(၅)ဖွဲ့ခွဲ၍ အောက်လှိုင်းကျေးရွာအဖွဲ့(၆)၊ အနာက်ကန်ဘောင်အဖွဲ့(၇)၊ ဇရပ်လှအဖွဲ့(၈)၊ ဆင်ကျုံးကျေးရွာနှင့် တမာချောင်ကျေးရွာအုပ်စု အဖွဲ့(၉)၊ မြင်ကင်းကျေးရွာအုပ်စုတို့တွင် အဖွဲ့(၁၀)၊ အဖွဲ့များက တာဝန်ကျကျေးရွာများသို့ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသည့် ပြည်သူများအား ပထမအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိပြီး စလင်းမြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန်နှင့် တစ်မြို့နယ်လုံး ကာကွယ်ဆေး အပြည့်အဝလွှမ်းခြုံစွာ ထိုးနှံနိုင်ရေးအတွက် ကျန်ရှိနေသေးသည့် ကျေးရွာရပ်ကွက်များကိုလည်း ဆက်လက်ကွင်းဆင်း ထိုးနှံပေးသွားမည်ဖြစ်ပြီး ယနေ့အထိ ပထမအကြိမ် ထိုးနှံပြီးသူ(၁၅၈၁၃၈)ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးသူ(၉၁၃၉၇)ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် (၉၄.၃၆)ရာခိုင်နှုန်း ထိုးနှံပြီးစီးကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

သတင်း - မောင်လွင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)