အင်္ဂပူမြို့တွင်(၇၇)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲအခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂပူမြို့တွင်(၇၇)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲအခမ်းအနားပြုလုပ်





MNP - မတ်    ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်အင်္ဂပူမြို့အမှတ်(၂) ရပ်ကွက် ရွှေဘုန်းပွင့်(မြောက်) လမ်းတွင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီကကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ အင်ဂျင်နီယာမှူးဦးမျိုး ချစ်ဦးကလမ်းနှင့် ပတ်သက်သော အခက်အချက်များကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြေားခဲ့ပြီး ကွန်ကရစ်လမ်းသစ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မြို့နယ်စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌဦးမောင်ဝင်း နှင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦး နေမျိုးလင်းတို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ထို့‌နောက် အထိမ်းအမှတ် အလံများကို ဂုဏ်ကြီးရှင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများမှ လက်ခံရယူခဲ့သည်။

အဆိုပါ ရွှေဘုန်းပွင့်(မြောက်)လမ်းကွန်ကရစ်လမ်းသစ်သည် လမ်းအ ရှည် ၅၂၀ပေ၊ လမ်း အကျယ် ၁၂ပေ၊ ထု ၆ လက်မ ဖြစ်ပြီး  ၂၀၂၁ - ၂၀ ၂၂ ခုဘဏ္ဍာရေး နှစ်ငွေလုံးငွေရင်း ရန်ပုံငွေ ၉၂.၂ သိန်းဖြင့် ဂုဏ်ကြီးရှင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

သတင်း - မန်းကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)