ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဉီးစီးချုပ် က တည့်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဉီးစီးချုပ် က တည့်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်


MNP ၊ မတ် ၁၇

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့်(၁၉)ကြိမ်မြောက်အာဆီယံ တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်များအစည်းအဝေး 19 th ASEAN Chiefs of Defence Forces Meeting (ACDFM-19)သို့ တက်ရောက်ခဲ့သည့် ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် မတ် ၁၇ ရက် ညနေပိုင်းတွင် ဖနောင်းပင်မြို့၊ Sokha Hotel ၌ ကမ္ဘောဒီးယားဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General VONG PISEN က တည်ခင်းဧည်ခံသည့် ဂုဏ်ပြု ညစာ စားပွဲအခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်အတူ မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့ဝင် များ၊ အာဆီယံနိုင်ငံများမှတပ်မတော် ကာကွယ်ရေးဉီးစီးချုပ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။ ဦးစွာ ကမ္ဘောဒီးယားဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊  အာဆီယံ နိုင်ငံများမှတပ်မတော်ကာကွယ်ရေးဉီးစီးချုပ်များနှင့် ဇနီးများ၊ အခမ်းအနား တက်ရောက် လာကြသူများသည် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း တေးဂီတအဖွဲ့က ရိုးရာတေးသီချင်းများ၊ အက ပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ညစာသုံးဆောင်အပြီးတွင် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ အာဆီယံ နိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်များနှင့် ဇနီးများသည် ကမ္ဘောဒီးယား ဘုရင့်တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)