ကျိန္တလီမြို့၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိန္တလီမြို့၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးလျက်ရှိ


MNP - မတ်    ၁၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်မှ ညနေ(၄)နာရီအချိန်ထိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်း ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျိန္တလီမြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ တစ်ကြိမ်မှမထိုးနှံ ရသေးသည့် အသက်(၁၈)နှစ်အထက် ပြည်သူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးလျက်ရှိရာ တောင်ပတ်လည်ကျေးရွာအုပ်စုမှ အသက်(၁၈)နှစ်အထက် ပြည်သူ(၁)ဦး၊ ရှောက်ကုန်း ကျေးရွာအုပ်စုမှ(၆)ဦး၊ သဲကုန်းကျေးရွာအုပ်စုမှ(၁)ဦး၊ အမှတ်(၁)ရပ်ကွက်မှ(၂)ဦး၊ အမှတ်(၂)ရပ်ကွက်မှ (၃)ဦး၊ အမှတ်(၃)ရပ်ကွက်မှ(၅၃)ဦး စုစုပေါင်း (၆၆)ဦးကို ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာသော အသက်(၁၈)နှစ် အထက်ပြည်သူများအား ကိုဗစ်စည်းကမ်း ချက်များနှင့်အညီ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က လူစုလူဝေးမဖြစ်ပေါ်စေရန် ကူညီလုပ်ကိုင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ခိုင်မိုးမင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)