Pages

Pages

သံတောင်ကြီးမြို့နယ် ဖာတီမာကုန်းကျေးရွာတွင် ကျေးလက်ရေရှိရေးလုပ်ငန်းဆောင်ရွက်ပြီးစီး

 



MNP - မတ်    ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်ပြည်ထောင်စု (မူလ) ရန်ပုံငွေဖြင့် ကျေးလက်ရေရှိရေးလုပ်ငန်း ဆောင်ရွက်သည့်  ထမုံကျေးရွာအုပ်စု၊ ဖာတီမာကုန်းကျေးရွာတွင် ကျေးလက်ရေရရှိရေး လုပ်ငန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

ထမုံကျေးရွာအုပ်စု၊ ဖာတီမာကုန်းကျေးရွာတွင် ပြည်ထောင်စု (မူလ) ရန်ပုံငွေကျပ်သန်း (၂၁.၀၀၀၀) ဖြင့် Mega Dynamic ကုမ္မဏီမှ ဆောင်ရွက်ပြီး ဂါလံ (၅၀၀၀) ရေကန်နှင့် ရေပိုက်လမ်း (၂) မိုင် ရေတံတားတပ်ဆင် ဆောင်ရွက်ပြီးဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံက သိရသည်။

အဆိုပါ ဖာတီမာကုန်းကျေးရွာတွင် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးဖြစ်သည့်အတွက် အိမ်ခြေ (၃၄) အိမ် လူဦးရေ (၁၇၂) ဦးအတွက် ရေများအခက်အခဲမရှိ လုံလောက်မှုရရှိခြင်းကြောင့် များစွာ အကျိုးကျေးဇူး ရရှိစေကြောင်း သိရသည်။

သတင်း - နော်နော်မူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment