Pages

Pages

မောင်တောမြို့တွင် ၂၀၂၂ ခုနှစ် အခြေခံပညာအလယ်တန်းအဆင့် အဋ္ဌမတန်း(Grade-9) နောက်ဆုံးနှစ်ဝက်စာမေးပွဲ စာစစ်ဌာန(၁၈)ခုတွင် စတင်ဖြေဆို






MNP ၊ မတ် ၁၇

ရခိုင်ပြည်နယ် မောင်တောခရိုင်၊ မောင်တောမြို့တွင်  ၂၀၂၁ -၂၀၂၂  ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်း အဆင့်အဋ္ဌမတန်း(Grade-9) နောက်ဆုံးနှစ်ဝက်စာမေးပွဲ  စာစစ်ဌာန(၁၈)ခုတွင် ယနေ့ နံနက် ၉ နာရီအချိန်မှ ၁၁ နာရီ မြန်မာစာ ဘာသာကို စာစစ်ဌာနများတွင် စတင်ဖြေဆိုကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက လိုက်လံကွင်းဆင်း၍ ကြည့်ရှု ခဲ့ကြသည်။

အဆိုပါ ၂၀၂၂ ခုနှစ်  အခြေခံပညာအလယ်တန်းအဆင့် အဋ္ဌမတန်း(Grade-9) နောက်ဆုံးနှစ်ဝက်စာမေးပွဲ ကို စာစစ် ဌာန(၁၈)ခုတွင် သက်ဆိုင်ရာ ကြီးကြပ်ရေးမှူးများ ကြီးကြပ်လျက် တာဝန်ရှိသူများက  စာရင်းရှိ  ကျောင်းသား (၆၉၈)ဦး နှင့် ကျောင်းသူ(၃၀၅)ဦး စုစုပေါင်း (၁၀၀၃)ဦး ရှိသည့်အနက် ယနေ့ မြန်မာစာဘာသာအား လာရောက်ဖြေဆိုသူ ကျောင်း သား(၆၂၀)ဦး နှင့် ကျောင်းသူ(၂၈၄) ဦး စုစုပေါင်း(၉၀၄)ဦး  ဝင်ရောက်ဖြေဆိုခဲ့ကြပြီး  ကျောင်းသား(၇၈)ဦး နှင့် ကျောင်း သူ(၂၁)ဦး စုစုပေါင်း (၉၉)ဦး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြသဖြင့် ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၀.၁၃)ဖြစ်ရာ ပျက်ကွက် ရာခိုင် နှုန်းမှာ(၉.၈၇)ဖြစ်ကြောင်း တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့် မတ်လ ၂၃ ရက်နေ့ထိ စစ်ဆေး ဖြေဆို ကြရမည် ဖြစ် ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။  ထို့အတူ ကျောင်းတွင်းစာမေးပွဲ အတန်းပြီးမြောက်ကြောင်း စာမေးပွဲအား Grade-1 မှ Grade 10 အထိအား  ၎င်းတို့၏ စာသင်ချိန်အတိုင်း တစ်နေ့လျှင် မနက်/နေ့လည်(၂)ဘာသာစီဖြင့် ဖြေဆို လျက်ရှိကြောင်းသိရသည်။ 


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment