မြေပုံမြို့၌ ပိုးသတ်ဆေးနှင့်ပတ်သက်သည့်တောင်သူပညာပေးသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြေပုံမြို့၌ ပိုးသတ်ဆေးနှင့်ပတ်သက်သည့်တောင်သူပညာပေးသင်တန်းဖွင့်လှစ်





MNP -  မတ်   ၂၇

မြေပုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ပိုးသတ်ဆေးနှင့်ပတ်သက်သည့်တောင်သူပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြေပုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီကျင်းပသည်။

ရှေးဦးစွာ မြေပုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်လင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းအေးခိုင်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန်းထွန်းက ပိုးသတ် ဆေးနှင့်ကျန်းမာရေးအခြေအနေအားလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးစံညွှန့်က ပိုးသတ်ဆေးနှင့်စားသုံးသူအကာအကွယ်ပေးရေး အခြေအနေအား လည်းကောင်း အသီးသီးရှင်းလင်းဆွေး နွေးပြေားကြားကြသည်။

အဆိုပါ သင်တန်းသို့ မြေပုံမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု လေးအုပ်စုမှ သင်တန်းသား သင်တန်းသူ ၅၀ ဦးတက်ရောက်ကြပြီး သင်တန်းတွင် ဓာတုပိုးသတ် ဆေးအစား သဘာဝပိုးသတ် ဆေးများ ပြုလုပ်သုံးစွဲနည်း၊ ပိုးသတ်ဆေးများကို အန္တရာယ်ကင်းရှင်းစွာ စနစ်တကျ ကိုင်တွယ်သုံးစွဲနည်း၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်း စသည့်တို့ကို စိုက်ပျိုးရေးပညာပေးဝန်ထမ်းများက စာတွေ့ လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ကြောင်းသိရသည်။

သတင်း - ဝင်းမင်းစိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)