မိတ္ထီလာမြို့ ပြည်သာယာ(မြောက်)လမ်းမကြီးအား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့ ပြည်သာယာ(မြောက်)လမ်းမကြီးအား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်



MNP - မတ်    ၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ခု ခြောက်လဘဏ္ဍာ ရေးနှစ်တွင် ပြည်သာယာ (မြောက်)လမ်းမကြီးအား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသော လမ်းမျာအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း၊ ကျောက်ချောခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၁-၂၀၂၂ခု ခြောက်လဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၁၇.၀၉၂ သန်းဖြင့် အရှည် ပေ ၈၈၀ ရှိသည့် ပြည်သာယာ(မြောက်)လမ်းမကြီးအား မြေသားလမ်းမှ အကျယ် ၁၂ ပေ၊ ထု ၃ လက်မရှိသည့် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် ခိုင်ခန့်ဖြူစင်ကုမ္ပဏီက တာဝန်ယူပြီး ဖေဖော်ဝါရီလ စတုတ္ထ အပတ်မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ခု ခြောက်လဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာမြို့ပေါ်ရပ်ကွက်များအတွင်းရှိ အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသော လမ်းများအနက် လမ်း(၄)လမ်းအား ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းတို့ ဆောင်ရွက်ရာတွင် ကတ္တရာထပ်ပိုးလွှာခင်း ခြင်းလုပ်ငန်းနှစ်လမ်း၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း တစ်လမ်းနှင့် ကျောက်ချောခင်းလုပ်ငန်း တစ်လမ်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

သတင်း - သိန်းမြင့်ကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)