ကြံခင်းမြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ



MNP - မတ်    ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီ နိုင်ငံနှင့် လူမျိုးချစ်မြတ်နိုးပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် အနာဂါတ်မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး ယနေ့ နေ့လယ် (၁၂)နာရီခွဲအချိန်က ကြံခင်းမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းရွာသစ်တောင်ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က အကျင့်စာရိတ္တကောင်းမွန်စေရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ် စေရေး၊ စာပေလေ့လာဖတ်ရှုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများအားလည်းကောင်း၊ အမှတ်(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းမှ ပညာရေးဌာန၏ ဆောင်ပုဒ်ဖြစ်သော စိတ်ဓာတ် ကောင်းမွန်ခြင်း၊ စည်းကမ်းရှိခြင်းနှင့် ပညာကြိုးစားခြင်းစတဲ့ အချက်များအားလည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်ခင်မိုးဝါမှ လူငယ် လူရွယ်များ ကျန်းမာကြံခိုင်စေရန်နှင့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် နွေရာသီ အားကစားသင်တန်း ဖွင့်လှစ်သင်ကြားပေးပြီ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားသိပ္ပံ (ရန်ကုန်) သင်တန်းကျောင်း သင်တန်းသား၊ သင်တန်းသူများ တတ်ရောက်နိုင်စေရန် ဆောင်ရွက်ပေးခြင်းကို ရှင်းလင်းပြောကြားကြကြောင်း သိရသည်။

ထိုနောက် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းထံသို့ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်ခင်မိုးဝါမှ အားကစားပစ္စည်းများ ပေးအပ်ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ အသိပညာပေးနံရံကပ် စာစောင်ပြသခြင်းကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုကြကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်ခင်မိုးဝါနှင့် တာဝန်ရှိသူများ၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တတ်ရောက်ကြကြောင်း သိရသည်။

သတင်း - မိုးမိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)