တနင်္သာရီမြို့နယ် သဘာဝဘိုးဘွားရိပ်သာ၌ ဘိုးဘွားများအတွက် ဆေးရုံတည်ဆောက်လျက်ရှိရာ အလှူရှင်များလိုအပ်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ် သဘာဝဘိုးဘွားရိပ်သာ၌ ဘိုးဘွားများအတွက် ဆေးရုံတည်ဆောက်လျက်ရှိရာ အလှူရှင်များလိုအပ်လျက်ရှိ



MNP - မတ်    ၂၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၏ သဘာဝဘိုးဘွားရိပ်သာအတွင်း မှီတင်းနေထိုင်ကြသည့် အဘိုး၊ အဘွားများအား ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးနိုင်ရေးအတွက် သဘာဝဘိုးဘွားရိပ်သာ၏ ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တသုန္ဒရ က ဦးစီးဦးဆောင်ပြု၍ မ,တည်အလှူရှင်များ၊ စေတနာရှင်အလှူရှင်များနှင့်အတူ ဘိုးဘွားရိပ်သာဆေးရုံကို (၄-၂-၂၀၂၂)နေ့မှစ၍ ပန္နက်တင်မင်္ဂလာ ကိုကျင်းပ၍ တည်ဆောက်လျက်ရှိရာ ယနေ့အချိန်အထိ (၁၀)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး အလျင်အမြန် ပြီးစီးနိုင်ရေးအတွက် အလှူရှင်များ ထပ်မံလိုအပ်လျက်ရှိကြောင်း ဆရာတော်ထံက သိရှိရသည်။

အဆိုပါ ဆေးရုံအဆောက်အဦးသည် အလျား(၆၀)ပေ၊ အကျယ်(၃၀)ပေ၊ အမြင့် (၃၁)ပေ၊ အာရ်စီကွန်ကရစ်အမျိုးအစား (၃)ထပ် အဆောက်အဦဖြစ်၍ မြိတ်မြို့မှ ပန်းရံဆရာ ဦးမင်းနိုင်ဦးက တာဝန်ယူတည်ဆောက်ပေးလျက်ရှိရာ ၎င်းဘိုးဘွားဆေးရုံ တည်ဆောက်ရေးလုပ်ငန်းအတွက် အရပ်ဝေးအရပ်နီးဒေသအသီးသီးမှ စေတနာရှင်အလှူရှင်များက သဒ္ဒါတတ်အားသရွေ့ လှူဒါန်းလိုပါက  ရိပ်သ ဆရာတော်ဘဒ္ဒန္တသုန္ဒရ(ဖုန်း-၀၉-၂၆၂၉၁၃၂၇၃) သို့ တိုက်ရိုက်ဆက်သွယ် စုံစမ်းလှူဒါန်းပါကြောင်း၊ အဆိုပါ ခိုကိုးရာဘိုးဘွားရိပ်သာတွင် နားခိုစရာမရှိသူနှင့် ခိုကိုးရာမဲ့ အဘိုးအဘွားများနှင့် သားသမီးကျောထောက် အနောက်ခံမရှိ သည့် အဘိုး(၂၁)ဦးနှင့် အဘွား(၁၉) ဦး စုစုပေါင်း(၄၀)ဦး ရှိကြောင်း ဆရာတော်ထံက သိရှိရသည်။

သတင်း - နန်းသာရီ-ထိန်ဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)