Pages

Pages

မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

 



MNP - မတ်    ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်းရှိ မိဘပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရမည့်သူများ ကျန်ရှိမှုမရှိစေရေးအတွက် ရပ်ကွက်နှင့် ကျေးရွာများ အရောက် နယ်လှည့် ကွင်းဆင်း ထိုးနှံပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က မြို့လယ် ဓမ္မာရုံတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ယခုထိုးနှံပေးသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (CoviShield) သည် ကာကွယ်ဆေး လုံးဝမထိုးနှံရ သေးသူများအား (ပထမအကြိမ်)အဖြစ် ထိုးနှံပေးခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မိဘပြည်သူများနှင့် လားဟူ၊ လီဆူး၊ ပလောင်၊ မြှောင်ဇီး တိုင်းရင်းသားများအားလုံး ထိုးနှံနိုင်ရေးတို့အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းနောင်မြို့ အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ကျဆင်းပပျောက်ရေးအတွက် ကာကွယ်ဆေး ထိုးနှံရမည့်သူများ၊ ကာကွယ်ဆေး အပြည့်အဝထိုးနှံနိုင်ရေး၊ ကျေးရွာများအရောက် နယ်လှည့်ကွင်းဆင်း ထိုးနှံခြင်းများကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ကျ စာရေးများနှင့် ချိတ်ဆက်၍ ဆက်လက် ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - မနန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment