ဖားဆောင်းမြို့နယ် ရပ်ကွက် / ကျေးရွာအတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများနှင့် (၆)လပြည့် (Booster Dose) ထိုးနှံရမည့်သူများအား မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်း ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖားဆောင်းမြို့နယ် ရပ်ကွက် / ကျေးရွာအတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများနှင့် (၆)လပြည့် (Booster Dose) ထိုးနှံရမည့်သူများအား မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်း ထိုးနှံပေး

 


MNP -  မတ်    ၂၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် ရပ်ကွက်/ကျေးရွာအတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူ များနှင့် ကာကွယ်ဆေးထိုးနှံပြီး (၆) လပြည့် (Booster Dose) ထိုးနှံရမည့်သူများအား မိုဘိုင်းစနစ်ဖြင့် စဉ်ဆက်မပြတ် ကွင်းဆင်း ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် (၈) နာရီအချိန်က တောင်ပိုင်းရပ်ကွက်နှင့် တောင်ပေါ်ကျေးရွာတို့တွင် ကွင်းဆင်း ထိုးနှံပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာ၌ အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော ပြည်သူများအား (Covishield) ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား (Sinpharm) ထိုးနှံပေးခြင်းနှင့် ကိုဗစ်ကာကွယ်ဆေး (၂) ကြိမ်ထိုးပြီး (၆) လပြည့်ပြည်သူများအား (BoosterDose) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ပက်သက်၍ မြို့နယ်သူနာပြု(၁) ဒေါ်သက်သက်ထွေးက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာ တွင် အသက် (၁၈) နှစ်အထက် အကျုံးဝင် လူဦးရေ (၁၀၀) ရာခိုင်နှုန်းပြည့်မီအောင် သက်ဆိုင်ရာရပ်ကွက်ကျေးရွာတွေမှာ ကွင်းဆင်း၍ ထိုးနှံပေးနေတာဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် မြို့ပေါ်စုရပ်များအပြင် ကျေးရွာများမှာလည်း သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများမှ စုရပ်များခွဲ၍ ထိုးနှံပေးနေတာဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့်  ရောဂါကြီးကို ကာကွယ်နှိမ်နှင်းနိုင်ဖို့ဆိုရင် ကာကွယ်ဆေးထိုးနှံခြင်းဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်သောကြောင့် မဖြစ်မနေ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံ ကြစေလိုကြောင်းနှင့် ကျန်ရပ်ကွက်၊ ကျေးရွာများသို့လည်း ဆက်လက်၍ မိုဘိုင်းစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သတင်း - နန်းသဲနုအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)