တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး Booster Dose ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး Booster Dose ထိုးနှံပေး

 


MNP -  မတ်    ၃

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး(၆)လနှင့် အထက်ရှိသည့်  နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ယနေ့နံနက်ပိုင်းက ကိုဗစ်ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံ ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ကိုဗစ်ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် မတ်လ(၃)ရက်နေ့နှင့် (၄)ရက်နေ့တို့တွင် နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သတင်း - နိုင်ဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)