လူငယ်များအတွက် မိုင်းရယ် Community Center ခန်းမတွင် Fitness Dance သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လူငယ်များအတွက် မိုင်းရယ် Community Center ခန်းမတွင် Fitness Dance သင်တန်းဖွင့်လှစ်

 


MNP -  မတ်     ၂၈

 ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် အတွက် Fitness Dance သင်တန်းကို မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ပါသည်။

အဆိုပါ Fitness Dance သင်တန်းကို အခြေခံပညာအလယ်တန်းနှင့်အထက်တန်း ကျောင်းများမှ ကျောင်းသား၊ကျောင်းသူ(၂၅) ဦး တက်ရောက် ခဲ့ပြီး ယနေ့မှ ဧပြီ ၉ ရက်နေ့ထိ ဖွင့်လှစ် သွားမည်ဖြစ်သည်။

နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/ သူများအတွက် မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမတွင် အခြေခံပန်းချီသင်တန်း၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - ကျော်ဇင်ထိုက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)