ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာဖတ် စွမ်းရည်ပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာဖတ် စွမ်းရည်ပြိုင်ပွဲကျင်းပ




MNP - မတ်    ၂၄

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော စာဖတ်စွမ်း ရည်ပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပသည်။

စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဘောလခဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက် ညွန်ကြားရေးမှူး ဦးစိုးနိုင်မှ အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား လူငယ်များမှ မိမိစိတ်ဝင်တစားလေ့လာ မှတ်သား ထားသော အချက်အလက်များနှင့် စာအုပ်တစ်အုပ်၏ အနှစ်သာ ရများကို စာဖတ် စွမ်းရည်ပြိုင်ပွဲ ဝင်ညီအစ်ကိုမောင်နှမများအား မျှဝေခံစားတတ်ရန် လူငယ်မောင်မယ်(၄)ဦးကဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

စာဖတ်စွမ်းရည်ပြိုင်ပွဲအပြီးတွင် လူထုအခြေပြုဗဟိုဌာန (Community Center )ခန်းမ၌ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာငှားရမ်း ဖတ်ရှုခဲ့ကြကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)