မြောင်းမြမြို့လူထုအခြေပြုဗဟိုဌာန (Community Centre)၌ နွေရာသီအခြေခံပန်းချီသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြမြို့လူထုအခြေပြုဗဟိုဌာန (Community Centre)၌ နွေရာသီအခြေခံပန်းချီသင်တန်းဖွင့်လှစ်

 


MNP - မတ်    ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးငယ်များအချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်၊ ပန်းချီပညာကို စိတ်ပါဝင်စားသော ကလေးငယ်များ အခြေခံမှစတင်ပြီး ပျော်ရွှင်စွာ လေ့လာနိုင်ရေးတို့ကို ရည်ရွယ်၍ မူလတန်းကလေးများအတွက် အခြေခံပန်းချီသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန်ခန့်က စတင်ဖွင့်လှစ် သင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက နွေရာသီကျောင်းပိတ်ရက်ရှည်များတွင် ကလေးများအတွက် အကျိုးရှိမည့် အသိပညာ၊ အတတ်ပညာများ သင်ကြားတတ်မြောက်သွားစေရန်အတွက် ယခုလို ဖွင့်လှစ်ပေးခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ သင်တန်းနည်းပြ ဒေါ်ဆုရွှန်းနိုင်ကလည်း ပန်းချီပညာ အခြေခံဖြစ်သည့် အရောင်အရင့်အဖျော့ ဆွဲနည်းကို စတင်သင်ကြား ပေးခဲ့သည်။ အဆိုပါ အခြေခံပန်းချီသင်တန်းတွင် မူလတန်းရွယ် ကျောင်းသား ကျောင်းသူ သင်တန်းသား (၃၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - ခင်ရူပါအေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)