နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Prak Sokhonn နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့အား လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Prak Sokhonn နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့အား လက်ခံတွေ့ဆုံ





MNP ၊ မတ် ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Prak Sokhonn နှင့် အာဆီယံ အတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi တို့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၀ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့မှုနှင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လူထုဆန္ဒခံယူ၍ အတည်ပြုထား သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်ခဲ့ရမှု အခြေအနေများ၊ နိုင်ငံရေးသဘောထားမတိုက်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာသည့် ဆန္ဒပြမှုများမှတစ်ဆင့် ဆူပူအကြမ်းဖက်မှုများ၊ အကြောင်းမဲ့သတ်ဖြတ်မှုများ၊ နိုင်ငံပိုင်အဆောက်အဦများ၊ စာသင်ကျောင်းများ ကိုဖျက်ဆီးမှုများ၊ မိုင်းထောင်ဖောက်ခွဲမှုများ ဖြစ်ပေါ်ခဲ့မှုနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် လူသားခြင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိစေရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အာဆီယံတွင် ပူးပေါင်းဆောင်ရွက် မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ယခုခရီးစဉ်သည် ပထမဆုံးခြေလှမ်းဖြစ်၍ တွေ့ဆုံဆွေးနွေးမှုများမှ တစ်ဆင့် တိုးတက်မှုများရရှိစေရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ မြန်မာ နိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အတူ စက်မှုသိပ္ပံနည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီး H.E. Kitti Setta Pandita Cham Prasidh အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Chhouk Bunna နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)