ရပ်စောက်၌ နှာခေါင်းစည်း(Mask)တပ်ဆင်သွားလာခြင်းမရှိသည့် ပြည်သူများအား (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရပ်စောက်၌ နှာခေါင်းစည်း(Mask)တပ်ဆင်သွားလာခြင်းမရှိသည့် ပြည်သူများအား (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းဆောင်ရွက်


MNP - မတ်   ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီမှ စတင်ကာ နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာခြင်းမရှိသည့် လမ်းသွား လမ်းလာများအား (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ရှောင်တခင်စစ်ဆေးပေးခြင်းကို ဥတ္တံတားရပ်ကွက်၊ ရေကြည်ချောင်းအနီး၌ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 ထိုသို့ရှောင်တခင်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီသူနာပြုအဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်မှုအန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများနှင့် မြို့ဝင်/ မြို့ထွက် ဂိတ်များတွင် လမ်းသွား လမ်းလာပြည်သူများအား (RDT) Test Kit ဖြင့်ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ (အခမဲ့)ရှောင်တခင် စစ်ဆေးခြင်းလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာများအား မြို့နယ်ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာသို့ တာဝန်ရှိ သူများမှ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ရဲထက်ဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)