ရေတာရှည်မြို့နယ် မြို့အဝင်ကိုဗစ်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး ပြီးစီးကြောင်းကဒ်နှင့် မျက်နှာနှင့်နှာခေါင်းစည်း(mask) တပ်ဆင်သွားလာမှုအား စစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတာရှည်မြို့နယ် မြို့အဝင်ကိုဗစ်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး ပြီးစီးကြောင်းကဒ်နှင့် မျက်နှာနှင့်နှာခေါင်းစည်း(mask) တပ်ဆင်သွားလာမှုအား စစ်ဆေးဆောင်ရွက်

 


MNP - မတ်    ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြို့အဝင်ကိုဗစ်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက စတင်၍ မျက်နှာနှင့်နှာခေါင်းစည်း(mask) တပ်ဆင် သွားလာမှုမရှိသူများအား ဒဏ်ငွေ ၅၀၀ ကျပ် ရိုက်၍ ချက်ချင်း တပ်ဆင်စေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်းကဒ်အား စစ်ဆေး၍ ကာကွယ်ဆေး မထိုးနှံရသေးပါက ကာကွယ်ဆေးထိုးရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်‌ အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဥက္ကာသန်း ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပါဝင်သည့် အဖွဲ့များဖြင့် မြို့အဝင်၊ အထွက် ဂိတ်များတွင် စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး မြို့အတွင်းသို့ အခြားဒေသမှ ဝင်ရောက်လာ သူများအနေဖြင့် ကာကွယ်ဆေးထိုးနှံထားခြင်း မရှိပါက ဝင်ရောက်ခွင့်မပြုကြောင်းနှင့် နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ အပြင်ထွက်ရာက ပြန်လာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များကို စနစ်တကျ စွန့်ပစ်ရန်၊ ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန် အသိပညာပေး  ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)