ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီး နိုင်စေရေးအတွက်(Mask) မတပ်ဆင်သူများအား စစ်ဆေးပြီး တပ်ဆင်စေရေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီး နိုင်စေရေးအတွက်(Mask) မတပ်ဆင်သူများအား စစ်ဆေးပြီး တပ်ဆင်စေရေး ဆောင်ရွက်



MNP - မတ်    ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးနိုင်စေရေးအတွက် ယနေ့ နံနက်(၉)နာရီ အချိန်က  မြို့ပေါ်ရှိ ပဲခူးလမ်းမပေါ်ရှိ လူနေစည်ကားရာနေရာများ၌ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် စောင့်ကြည့်ရေး လုပ်ငန်း ကော်မတီအဖွဲ့ဝင်များက နှာခေါင်းစည်း (Mask)မတပ်ဆင်သူများအား  စစ်ဆေး၍ တပ်ဆင်စေပြီး အသိပညာပေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် စောင့်ကြည့်ရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်များက လမ်းသွားလမ်းလာသူများ၊ ဆိုင်ကယ်စီးသူများအား နှာခေါင်းစည်း (Mask) မတပ်ဆင်သူများကို အသိပညာပေး၍ အခုဝယ် အခုတပ်ဆင်စေခြင်းစနစ်ဖြင့်  စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါကွင်းဆက် ပြတ်တောက်စေရန် တစ်ပတ်လျှင် (၅) ကြိမ် အဖွဲ့(၅) ဖွဲ့ခွဲ၍ ဆောက်ရွက် နေကြောင်း  မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။ 

 သတင်း - နေမျိုးလွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)