ဝက်လက်မြို့နယ်၊ ကျောက်တိုင်ကျေးရွာအတွင်း ခိုအောင်းနေထိုင်၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေသည့် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝက်လက်မြို့နယ်၊ ကျောက်တိုင်ကျေးရွာအတွင်း ခိုအောင်းနေထိုင်၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေသည့် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိ





MNP ၊ မတ် ၂ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ကျွန်းလှမြို့နယ်တို့အတွင်းရှိ အချို့ကျေးရွာများ၌ NLD အစွန်းရောက် PDF အကြမ်းဖက်အဖွဲ့များ ခိုအောင်းနေထိုင်၍ အပြစ်မဲ့ဒေသခံပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်သတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော နေရာများအား ဖောက်ခွဲမီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူလူထုနှင့် ခရီးသွားများအား အဓမ္မဆက်ကြေး တောင်းခံခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိကြောင်း ရိုးသားစွာ နေထိုင်လုပ်ကိုင် စားသောက်လိုသည့် တာဝန်သိပြည်သူအချို့က သတင်းပေးပို့လာခဲ့သဖြင့် အဆိုပါမြို့နယ်များ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ဝက်လက်မြို့နယ်၊ ကျောက်တိုင်ကျေးရွာ၌ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ ရောက်ရှိခိုအောင်းလျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့တွင် အဆိုပါကျေးရွာသို့ သွားရောက်၍ လိုအပ်သည့် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကျေးရွာအတွင်းရှိ နေအိမ်အချို့မှ လက်လုပ်သေနတ်မျိုးစုံ ၁၆ လက်၊ ပြုလုပ်ဆဲ လက်လုပ်သေနတ် ကိုယ်ထည် ၅ ခု၊ ၁၂ ဗို့ကျည် ၄၁ တောင့်၊ လက်လုပ်ကျည် ၁၂ တောင့်၊ လက်လုပ်မိုင်း ၁၁ လုံးနှင့် လက်လုပ်မိုင်းနှင့် လက်နက်ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ NLD ပါတီအလံ ၈၁ နှင့် ပါတီတံဆိပ်ပါ အင်္ကျီတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ 

 NLD အစွန်းရောက် PDF အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သော ဘာသာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် လူနေအိမ်များကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခြင်း၊ စခန်းချအခြေပြု အကာအကွယ်ယူ တိုက်ခိုက်ခြင်းတို့သည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ပြီး အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်မှု နှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူလူထုတို့နှင့်အတူ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)