NLD အစွန်းရောက် PDFအကြမ်းဖက်သမားများက မူလတန်းကျောင်းအုပ်ဆရာမကြီး ၁ ဦးအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်၊ မင်းတုန်းအခြေခံပညာ အထက်တန်းကျောင်းအား ဖောက်ခွဲဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

NLD အစွန်းရောက် PDFအကြမ်းဖက်သမားများက မူလတန်းကျောင်းအုပ်ဆရာမကြီး ၁ ဦးအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်၊ မင်းတုန်းအခြေခံပညာ အထက်တန်းကျောင်းအား ဖောက်ခွဲဖျက်ဆီး



MNP ၊ မတ် ၁၇

အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများ ဖွင့်လှစ်၍ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် NLD အစွန်းရောက် PDFအကြမ်းဖက်သမားများ အနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့် အပြင် လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်း ပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက် ခြိမ်းခြောက်ခြင်းများနှင့် လုပ်ကြံပစ်ခတ်သတ်ဖြတ်ခြင်းများကို ပြုလုပ် လျက်ရှိသည်ကို တွေ့ရှိလာရသည်။ 

ထိုသို့ ပြုလုပ်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ မြို့စိုး(မြောက်)ကျေးရွာနေ ကမ်းမဖြူအခြေခံပညာ အလယ်တန်းကျောင်းခွဲမှ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်စိန်(ခ) မြင့်မြင့်စိန်(၅၇)နှစ် (ဘ)ဦးထွန်းတင်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် မတ်လ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်တွင် NLD အစွန်းရောက် PDFအကြမ်းဖက်သမား ၆ ဦး ရောက်ရှိလာပြီး ဒေါ်မြင့်စိန် (ခ) မြင့်မြင့်စိန် အား “CDM မလုပ်ဘူးလား” ဟုခြိမ်းခြောက်ကာ “ဒလန်”ဟု စွပ်စွဲပြောဆို၍ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့သဖြင့် လည်ဂုတ်ပြတ်ရှဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။ 

အလားတူ ယနေ့ နံနက် ၄ နာရီ ၄၅ မိနစ်တွင် မင်းတုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ မင်းတုန်းအခြေခံပညာအထက်တန်းကျောင်းအား NLD အစွန်းရောက် PDFအကြမ်းဖက်သမားများက ဂက်(စ်)ဘူး ၃ ဘူးကို ဆိုင်ကယ်ကျွတ်စဖြင့်ပတ်ကာ ဓာတ်ဆီလောင်း၍ ကျောင်းခြံစည်းရိုးအပြင်မှ မီးရှို့ပစ်ပေါက်ခဲ့သဖြင့် ကျောင်းအုပ်ကြီး ရုံးခန်းအပြင်ဘက်ဝရန်တာသို့ ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ပေါက်ကွဲမှုကြောင့် ကျောင်းခြံစည်းရိုးအုတ်တံတိုင်းပျက်စီး၍ ကျောင်းအုပ်ကြီးရုံးခန်း တံခါးမကြီး၏ မှန်များ၊ ပြတင်းပေါက်မှန်များနှင့် အဋ္ဌမတန်း(က) စာသင်ဆောင် အခန်းတံခါးမကြီး၏မှန်များ ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ကလေးသူငယ်များ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည်ကို မလိုလားဘဲ စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေ သင်ကြားပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် NLD အစွန်းရောက် PDFအကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား နိုင်ရေးတို့အတွက် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)