မင်းကင်းမြို့နယ်၌ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ အထက်တန်းသူနာပြုဆရာမ ၁ ဦးနှင့် အပြစ်မဲ့ပြည်သူ ၃ ဦးတို့အား ရက်စက်စွာ လုပ်ကြံသတ်ဖြတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းကင်းမြို့နယ်၌ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ အထက်တန်းသူနာပြုဆရာမ ၁ ဦးနှင့် အပြစ်မဲ့ပြည်သူ ၃ ဦးတို့အား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်

 


MNP ၊ မတ် ၁၇

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများအနေဖြင့် ပြည်သူလူထုများအကြား  စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေရန်၊ အုပ်ချုပ်ရေးယန္တရားများ ရပ်တန့်စေရန်နှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ အဖျက်အမှောက်လုပ်ငန်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ခြင်းများကို ကျူးလွန်လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

ထိုသို့ကျူးလွန်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ကြွေကျေးရွာ၊ ကြွေတိုက်နယ် ဆေးရုံသို့ မတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ ၅ မိနစ်တွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမား ၃၀ ဦးခန့်ရောက်ရှိလာပြီး ဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာနေ အထက်တန်းသူနာပြု ဆရာမဖြစ်သူ ကလေးဝမြို့နယ်၊ အမှတ်(၂) ရပ်ကွက်နေ ဒေါ်ခင်သန္တာမြင့် (၄၂)နှစ် (ဘ)ဦးလှအောင်နှင့် ခင်ပွန်းဖြစ်သူ ဦးသန်းနိုင်ဦး(၃၉)နှစ်(ဘ)ဦးဘပု၊ ဆေးရုံသို့ ရောက်ရှိနေသည့် အဆိုပါကျေးရွာနေ ကြွေတိုက်နယ်ဆေးရုံမြေအလှူရှင် ဦးခင်မောင်တိုး (၄၆)နှစ်နှင့် ဆေးရုံအဆောက်အဦအလှူရှင် ဦးနိုင်လင်းထွန်း(၃၂)နှစ်(ဘ)ဦးခွေးမောင်တို့ ၄ ဦးအား ဆေးရုံလူနာဆောင် အတွင်းသို့ ဖမ်းဆီးခေါ် ဆောင်သွားကြောင်း၊ အထက်တန်းသူနာပြု ဆရာမ ဒေါ်ခင်သန္တာမြင့်အား CDM တွင် ပါဝင်ခြင်း မရှိဘဲ ဒေသခံပြည်သူများအား ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့် လည်းကောင်း၊ ဦးသန်းနိုင်ဦး၊ ဦးခင်မောင်တိုး နှင့် ဦးနိုင်လင်းထွန်းတို့ ၃ ဦးအား “ဒလန်များ”ဟု လည်းကောင်း စွပ်စွဲ ပြောဆို၍ ဓားများဖြင့် ရက်စက်စွာ ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်ခဲ့သဖြင့် အထက်တန်းသူနာပြု ဆရာမအပါအဝင် ၎င်းတို့ ၄ ဦးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ အထက် တန်းသူနာပြု ဆရာမနှင့် အပြစ်မဲ့ပြည်သူ ၃ ဦးတို့အား ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် NLD အစွန်းရောက် PDF အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီး၍  ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး နယ်မြေခံ တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ် များနှင့် အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)