ကလေးမြို့နယ်၌ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ခရစ်ယာန်ဘာသာရေး ကျောင်းအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလေးမြို့နယ်၌ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ခရစ်ယာန်ဘာသာရေး ကျောင်းအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီး


MNP ၊ မတ် ၁၇

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက် ဖောက်ခွဲမှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်း များအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် အခြားဘာသာရေး ဆိုင်ရာ အဆောက်အဦများကိုပါ မီးရှို့ဖျက်ဆီးခြင်း၊ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် မိုင်းထောင် ဖောက်ခွဲခြင်းတို့ကို စိတ်နှလုံးညှိုးနွမ်းဖွယ်ရာ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိလာရသည်။


မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ လှိုင်သာယာ ရပ်ကွက်၊ စိတ်ကျာလာလမ်း၊ ဇိုးခွားဇုံနယ်၊ ခရစ်ယာန် ဘာသာရေးကျောင်းအား NLD အစွန်းရောက် PDF အကြမ်းဖက်အဖွဲ့က မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်မီးငြှိမ်း သတ်ခဲ့ရာ ညနေ ၄ နာရီ ၅ မိနစ်အတွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ခင်း၊ အုတ်နံကပ် ၂ ထပ် အဆောက်အဦ ၁ လုံး (တန်ဖိုးငွေ ၄၈ သိန်းကျပ်ခန့်) ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။


အထက်ပါဖြစ်စဉ်မှ ခရစ်ယာန်ဘာသာရေးကျောင်းအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)