ရေစကြိုမြို့နယ်၌ NLD အစွန်းရောက် PDFအကြမ်းဖက်သမားများက သေနတ်ဖြင့် လုပ်ကြံပစ်ခတ်၍ သံဃာတော် ၁ ပါး ဒဏ်ရာရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေစကြိုမြို့နယ်၌ NLD အစွန်းရောက် PDFအကြမ်းဖက်သမားများက သေနတ်ဖြင့် လုပ်ကြံပစ်ခတ်၍ သံဃာတော် ၁ ပါး ဒဏ်ရာရရှိ


MNP ၊ မတ် ၉ 

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲမှုများ ပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။ 


ထိုသို့ပြုလုပ်လျက်ရှိရာတွင် မတ်လ ၈ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ထန်းဆယ်ပင်ကျေးရွာရှိ မဟာဝိဇယရာမ ဘုန်းကြီးကျောင်းမှ ဆရာတော် ဘဒ္ဒန္တ ဝိသုဒ္ဒါစာရ (ခ)ဖိုးဝိုင်း (၆၃)နှစ် ၁၅ ဝါ(ဘ)ဦးစိန်လှသည် ကျေးရွာအတွင်း ဆွမ်းခံကြွရာမှ ကျောင်းသို့ပြန်လာစဉ် ဘုန်းကြီးကျောင်းအနီးအရောက်၌ အကြမ်းဖက်အမျိုးသား ၃ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဆရာတော်တွင် ဝဲရင်အုံအထက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲလက်သန်းကျည်ထိမှန်ဒဏ်ရာ ၁ ချက်ရရှိခဲ့ရာ ရေစကြိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။ 


အထက်ပါဖြစ်စဉ်မှ ဆရာတော်အား သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော် စစ်ကြောင်းများနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)