NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူ အကြမ်းဖက်အဖွဲ့ဝင် ပြည်ပြေး (၅)ဦး နိုင်ငံသားအဖြစ်မှရပ်စဲကြောင်း ထပ်မံထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူ အကြမ်းဖက်အဖွဲ့ဝင် ပြည်ပြေး (၅)ဦး နိုင်ငံသားအဖြစ်မှရပ်စဲကြောင်း ထပ်မံထုတ်ပြန်



MNP ၊ မတ် ၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အကြမ်းဖက်လှုံ့ဆော်သူ ပြည်ပြေး (၅)ဦးအား နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း ယနေ့ ထပ်မံထုတ်ပြန်လိုက်သည်။

ယနေ့ နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းခံရသူ (၅)ဦးမှာ ဆောင်းဦးလှိုင်၊ မောင်မောင်အေး၊ ခင်မမမျိုး၊ ပြည်သစ်ညွန့်ဝေ(ခ)မောင်မောင်၊ ဖြူဖြူသင်း တို့ ငါးဦးဖြစ်သည်။

ဖော်ပြပါပုဂ္ဂိုလ်များသည် မဲလိမ်မဲခိုးမှုများကြောင့် တပ်မတော် အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီးချိန်မှစ၍ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် နည်းမျိုးစုံဖြင့် လှုံ့ဆော်ခဲ့ကြသူများဖြစ်သည်။

အဆိုတော်ဆောင်းဦးလှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ပုဂ္ဂိုလ်ရေးရာ စော်ကားပြောဆိုမှု ရုပ်သံများ ထုတ်လွှင့်ပြောဆိုခဲ့ပြီး ဆူပူအကြမ်းဖက်လှုံ့ဆော်မှုများ ပြုလုပ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသော ဝရမ်းပြေးဖြစ်သည်။ မောင်မောင်အေး ဆိုသူမှာ NLD ပထမဆုံး ဝရမ်းထုတ်သူ (၇)ဦး စာရင်းတွင် ပါဝင်ပြီး ထွက်ပြေးတိမ်းရှောင်နေသော ဝရမ်းပြေးတစ်ဦးဖြစ်သည်။ ခင်မျိုးမမ ဆိုသူမှာ NUG အဖွဲ့တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ်ဟု အမည်ထွက်ခဲ့ပြီး ဖြူဖြူသင်းမှာ CRPH ဦးဆောင်အဖွဲ့တွင် ပါဝင်သူ ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ဆူပူအကြမ်းဖက်လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိသည့် ပြည်ပြေး (ဝရမ်းပြေး)များကို နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်းကို ထုတ်ပြန်လျက်ရှိရာ မင်းကိုနိုင် ပါ (၁၁)ဦးကို ပထမဆုံး အကြိမ်ထုတ်ပြန်ခဲ့ပြီး ယနေ့ည (၅)ယောက် ထပ်မံထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)