ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း Physical Fitness Dance သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း Physical Fitness Dance သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ



MNP - မတ်    ၂၃

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပညာရေးဦးစီးဌာနနှင့်တို့ ပူးပေါင်း၍ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း Physical Fitness Dance သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားမှူး ဒေါ်သန်းသန်းနွယ်က " ကျောင်းသား/သူ လူငယ်လူရွယ်များ ပြည်သူများကျန်းမာရေး အထောက်အကူ ပြုစေရန်အတွက် ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်လာစေရန်၊ စုပေါင်းဆောင်ရွက် တတ်သည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်၊ လူထုလှုပ်ရှားမှုအသိပညာပေးအစီအစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် အားကစားသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း" ရှင်းလင်းပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားသည်။  ဆက်လက်၍  ကျောင်းသား/သူလေးများက ကိုယ်ကာယ ကြံ့ခိုင်မှု Physical Fitness Dance လေ့ကျင့်ခန်းများကို မြို့နဘ်အားကစားမှူးမှ သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။

ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း( Physical Fitness Dance )သင်တန်းကို မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆက်ရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၂၂.၃.၂၀၂၂) ရက်နေ့မှ (၃၀.၃.၂၀၂၂)ရက်နေ့အထိ သင်တန်းနည်းပြ(၁) ဦး၊ ကျောင်းသား/သူ (၁၅) ဦးတို့ဖြင့်  ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - မြင့်မြင့်ရီ 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)