သာပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာနှင့် စစ်ပင်ကြီးကျေးရွာများရှိ School Cum Shelter အခြေအနေများအား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သာပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာနှင့် စစ်ပင်ကြီးကျေးရွာများရှိ School Cum Shelter အခြေအနေများအား ကြည့်ရှုစစ်ဆေး

 


MNP - မတ်    ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီ ကျေးရွာ School Cum Shelter အခြေအနေအား ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်၊ စစ်ပင်ကြီး ကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာ School Cum Shelter အခြေအနေအား မွန်းလွဲ ၃ နာရီခွဲအချိန်က ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုးနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများ၊ သက်ဆိုက်ရာကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှ ဘုရားနီကျေးရွာ School Cum Shelter နှင့် စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာ School Cum Shelter တို့၏ သဘာဝဘေးအန္တရာယ် ဖြစ်‌ပေါ်လာပါက အရေးပေါ်အသုံးပြုနိုင်ရန် လက်ရှိအခြေအနေ လူဝင်ဆန့်နိုင်မှုဦးရေ၊ အရေးပေါ် မီးသုံးနိုင်ရေး၊ သောက်သုံးရေဖူလုံစွာ သိုလှောင်ထားရှိမှုနှင့် သန့်စင်ခန်းများ အသုံးပြုနိုင်ရေးတို့အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်း - မျိုးဇော်သိန်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)