မန်ကန်မြို့၌ ကိုဗစ် -၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသော ဒေသခံပြည်သူများအား ထပ်မံထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန်ကန်မြို့၌ ကိုဗစ် -၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသော ဒေသခံပြည်သူများအား ထပ်မံထိုးနှံပေး




MNP - မတ်    ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ အသက် (၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူများအား မန်ကန်မြို့ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသော ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းထိုးနှံ‌ပေးခဲ့ကြောင်း သိရ သည်။ 

အဆိုပါ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရာတွင် မန်ကန်မြို့အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိနေသေးသော အသက်(၁၈)နှစ်နှင့် အထက် ဒေသခံပြည်သူများ စုစုပေါင်း (၃၃)ဦးတို့အား မန်ကန်မြို့တွင်းနှင့် ကျေးရွာအုပ်စုများတွင် သွားရောက်၍ ထိုးနှံပေးခဲ့ပြီး မထိုးနှံ‌မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဓာတ်မတည့်သည့်ဆေး ရှိ/မရှိနှင့် သွေးမတိတ်ရောဂါ ရှိ/မရှိ မေးမြန်းပြီးမှသာ မန်ကန်မြို့ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  ကာကွယ်ဆေးထိုးနှံရာတွင် ”ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး နောက်ဆုံးအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း" ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီမှဥက္ကဋ္ဌ မြို့စီမံအုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)