မိုင်းလုံမြို့တွင် အ‌ကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသော ကျေးရွာများရှိ အသက်(၁၈)နှစ်အထက်ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းလုံမြို့တွင် အ‌ကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသော ကျေးရွာများရှိ အသက်(၁၈)နှစ်အထက်ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေး


MNP - မတ်    ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် အ‌ကြောင်းအမျိုးမျိုးကြောင့်  ကျန်ရှိနေသော ကျေးရွာများရှိ အသက်(၁၈)နှစ် အထက် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် (၈) အချိန့်ခန့်က မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနတွင်  တာဝန်ရှိသူများက   (Sinopharm) အမျိုးအစား ကာကွယ်ဆေးကို ထိုးနှံပေးကြောင်းသိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပထမအကြိမ်  ထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျေးရွာများတွင် ကျန်ရှိသော အသက်(၁၈)နှစ် အထက်ပြည်သူများ၊  ဌာနဆိုင်ရာဝန်ထမ်း မိသားစုများ၊ ပရဟိတအဖွဲ့ဝင်များ၊ ဈေးသည်များ၊ ပို့ဆောင်ရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိက ဝန်ထမ်း (၄၅) ဦးတို့ကို ထိုးနှံပေးခဲ့ပြီး ကျန်ရှိသောနေ့များတွင်လည်း ဆေးထိုးမည့်လူရှိပါက ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှသိရပြီး   ဆေးထိုးခြင်းလုပ်ငန်းများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း သွေးပေါင်ချိန်ခြင်းစသည့် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းပြီးမှ ကာကွယ်ဆေးထိုးပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့်ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။ 

သတင်း - ဇော်ဇော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)