ပေါက်တောမြို့နယ်၌ အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac (2-Dose) ပဉ္စမအသုတ်(ဒုတိယ)အကြိမ်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်၌ အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac (2-Dose) ပဉ္စမအသုတ်(ဒုတိယ)အကြိမ်ထိုးနှံ



MNP - မတ်     ၉

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac (2-Dose) ကို အ. ထ. က (ပေါက်တော)ကျောင်းစုရပ်တွင် ယမန်နေ့ နံနက်(၉)နာရီက ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာ အ.ထ.က‌ (ပေါက်တော) စုရပ်သို့ အ.ထ.က ပေါက်တောမှ ကျောင်းသား/ကျောင်းသူများ၊ အ.ထ.က(မြို့မ)၊ ငခူရှည်ကျောင်း၊ ဒါးကိုင်‌ကျောင်း၊ ကျောက်ဆိပ် ကျောင်း၊ ကျော်ရှင်ကျောင်း၊ ရွာချောင်းကြီးကျောင်းများမှ ထက်/လယ် ကျောင်းသား/ကျောင်းသူများ လာရောက်ထိုးနှံခဲ့ကြပြီး၊ ကာကွယ်ဆေးထိုးနှံရာတွင် စနစ်တကျထိုးနှံနိုင်စေရန် တာဝန်ကျ ဆရာ/ဆရာမများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကိုကိုအောင် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးကြပြီး ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေးထိုးနှံလာကြသည့် ကျောင်းသား/ကျောင်းသူများအား ဆရာ/ဆရာမများက စာမေးပွဲ နီးကပ်လာပြီဖြစ်၍  ‌ကာကွယ်‌ဆေးထိုးနှံပြီးခဲ့ သော်လည်းကျန်းမာရေးကို အထူးဂရုစိုက် ပေးကြစေ လိုကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် ရှောင်ရန်၊ ဆောင်ရန် အချက်အလက် များကို အလေးအနက်ထားဆောင်ရွက်ကြပြီး မိမိကအစ ကာကွယ်ကြစေလိုကြောင်း ပြောကြား ခဲ့သည်။ ကျောင်းအခြေပြု ပဉ္စမအသုတ်၊ (ဒုတိယ) အကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း၌  အ.ထ.က (ပေါက်တော) နှင့် အ.ထ.က (မြို့မ) ကျောင်းစုရပ်နှစ်ခု အပါအဝင် မြို့နယ် အတွင်းရှိ ထက်/လယ် စာသင်ကျောင်း (၇)ကျောင်းမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၆၁) ဦး ထိုးနှံခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)