ဇမ္ဗူသီရိမြို့နယ်၌ “သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး” Talk Show ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇမ္ဗူသီရိမြို့နယ်၌ “သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး” Talk Show ကျင်းပ



MNP -  မတ်  ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက “သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး” Talk Show ကျင်းပ ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက “သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး” Talk Show   ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးပြီး နေပြည်တော်ကောင်စီ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦးက သဘာဝဘေးမဖြစ်မီ၊ သဘာဝဘေးဖြစ်ပွားပြီး၊ သဘာဝဘေး ဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့် လုပ်ငန်းများအကြောင်း၊ သဘာဝဘေးအန္တရာယ်များ နှင့်ပတ်သက်၍ ပြည်သူ လူထုအတွက် ကူညီထောက်ပံ့ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများအကြောင်း၊ ပြည်သူလူထုအနေဖြင့် သဘာဝ ဘေးအန္တရာယ်များနှင့် တွေ့ကြုံလာပါက ထိခိုက်ဆုံးရှုံးမှု လျော့နည်း သက်သာစေရေးအတွက် အသိပညာပေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေမှု အခြေအနေများစသည့် အကြောင်းအရာများအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ အားကစားလှုပ်ရှားမှုများ စသည့် အကြောင်းအရာများကို ပြည်သူများ အသိပညာ၊ ဗဟုသုတ ရရှိစေရန် အတွက် Online မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု TalK Show အပြည့်အစုံကိုလည်း We Love Zabuthiri Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)