ဆီဆိုင်မြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) နှင့် ရေပေးရေး လုပ်ငန်းများအား ကျေးရွာများသို့ လွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီဆိုင်မြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) နှင့် ရေပေးရေး လုပ်ငန်းများအား ကျေးရွာများသို့ လွှဲပြောင်းပေးအပ်


MNP - မတ်    ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ခု ၆လ ဘဏ္ဍာရေးနှစ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)နှင့် ရေပေးရေးလုပ်ငန်းများအား ကျေးရွာများသို့ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေက အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဝင်းမှ လုပ်ငန်းများလွှဲပြောင်း ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခွန်အောင်ကျော်မြင့်မှ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့်သဘာဝဘေးကြိုတင် ကာကွယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ဌာန၏လုပ်ငန်းစဉ် အဆင့်ဆင့်အား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တာဝန်ရှိသူများက ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ခု ၆လ ဘဏ္ဍာရေး နှစ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)နှင့် ရေပေးရေးလုပ်ငန်းများအား ကျေးရွာ(၂၇)ရွာသို့ လွှဲပြောင်းပေးအပ်ရာ ကျေးရွာ တာဝန်ရှိသူများက လက်ခံရယူသည်။ အဆိုပါ လုပ်ငန်းများကို ကျေးရွာတစ်ရွာလျင် ငွေကျပ်သိန်း(၁၀၀)၊ ပြည်သူထည့်ဝင်ငွေ (၅၁.၁၈၄)သန်းဖြင့် လုပ်ငန်း(၂၈)ခုအား ဆောင်ရွက်ပြီးစီး၍ ကျေးရွာများသို့ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။


သတင်း - မျိုးမြတ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)