MNP ၊ မတ် ၂၅
NLD အစွန်းရောက်များဖွဲ့စည်းထားသည့် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များကို ထောက်ခံသူများသည် အကြမ်းဖက်လှုံ့ဆော်သတင်းဌာနများမှ ရေးသားဖော်ပြမှုများကို လူမှုကွန်ရက်ပလက်ဖောင်းများကို အသုံးပြု၍ အများပြည်သူကြား ဖြန့်ဝေလျက်ရှိသည်။
VK လူမှုကွန်ရက်တွင် Myat Thu Thu - မြတ်သူသူ ဆိုသူက အကြမ်းဖက်လှုံ့ဆော် မဟုတ်မမှန် ဖန်တီးရေးသားသည့် Khit Thit Media မှ ဖော်ပြသော သတင်းမှားများကို ပြန်လည်လှုံ့ဆော် ဖြန့်ဝေထားသည်ကို တွေ့ရသည်။
မြတ်သူသူ ၏ စာမျက်နှာမှ ဒီးမော့ဆို၊ ဒေါငံခါးကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်က တပတ်အတွင်း အများပြည်သူပိုင် နေအိမ် ၄၀ လုံးကျော် မီးရှို့ဖျက်ဆီး၊ ပစ္စည်းများခိုးယူ ဟူသော သတင်းကိုလည်းကောင်း၊ သထုံ၊ ကျောက်တောင်ရွာ ဘုရားပွဲကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဘုရားပွဲခင်းထဲသို့ ကျရောက်ပေါက်ကွဲပြီး အသက် ၇ နှစ်အရွယ် ကလေးငယ် အပါအဝင် ၃ ဦး သေဆုံး ဟူသော သတင်းကိုလည်းကောင်း ဖြန့်ဝေထားသည်ကို တွေ့ရသည်။
အဆိုပါဖြစ်ရပ်များမှာ အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များဖြစ်ကြောင်း နိုင်ငံတော်တရားဝင် သတင်းထုတ်ပြန်ထားပြီး ဖြစ်သော်လည်း NLD အစွန်းရောက်များသည် ပြည်သူအများ တပ်မတော်အပေါ် မုန်းတီးလာစေရန် ရည်ရွယ်ချက်ရှိရှိ သတင်းလိမ်၊ သတင်းမှား ဖန်တီးရေးသားဖော်ပြမှုများကို ဖော်ပြနေကြခြင်းဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment